သိုးသငယ်တော်/၏/ပထမ/တံဆိပ်/ခြောက်ခု/ကို ဖွင့်ခြင်း
6
သိုးသငယ်တော်/သည် တံဆိပ်/ခုနစ်ခု/အနက် ပထမ/တံဆိပ် ဖွင့်သည်/ကို ကျွန်ုပ်/မြင်၏။ ထို့နောက် သတ္တဝါ/လေးပါး/အနက် တစ်ပါး/က မိုးခြိမ်းသံ/ကဲ့သို့သော/အသံ/ဖြင့် “လာလော့” ဟု ဆိုသည်/ကို ကျွန်ုပ်/ကြားရ၏။ 2 ထိုအခါ ကျွန်ုပ်/ကြည့်လိုက်/ရာ မြင်း/ဖြူ/တစ်ကောင်/ကို မြင်ရ၏။ ထို/မြင်း/ကို စီးသောသူ/သည် လေး/တစ်လက်/ကို ကိုင်ထား၏။ သူ့/အား သရဖူ/တစ်ခု/ကို ပေးထားတော်မူ၏။ သူ/သည် အောင်မြင်မှု/ရရှိပြီး ဆက်လက်/အောင်မြင်/ရန် ထွက်ခွာသွား၏။
3 သိုးသငယ်တော်/သည် ဒုတိယ/တံဆိပ်/ကို ဖွင့်/သောအခါ ဒုတိယ/သတ္တဝါ/က “လာလော့” ဟု/ဆိုသည်/ကို ကျွန်ုပ်/ကြားရ၏။ 4 ထိုအခါ မြင်း/နီ/တစ်ကောင် ထွက်လာ၏။ လူ/အချင်းချင်း သတ်ဖြတ်ကြ/ရန်အတွက် ထို/မြင်း/ကို စီးသောသူ/အား ကမ္ဘာလောက/မှ ငြိမ်းချမ်းမှု/ကို ဖယ်ရှားနိုင်သည့်/တန်ခိုး/ကို ပေးအပ်ထားတော်မူ၏။ သူ့/အား ဓားကြီး/တစ်လက်/ကို/လည်း ပေးအပ်ထားတော်မူ၏။
5 သိုးသငယ်တော်/သည် တတိယ/တံဆိပ်/ကို ဖွင့်/သောအခါ တတိယ/သတ္တဝါ/က “လာလော့” ဟု/ဆိုသည်/ကို ကျွန်ုပ်/ကြားရ၏။ ထို့နောက် ကျွန်ုပ်/ကြည့်လိုက်/ရာ မြင်းနက်/တစ်ကောင်/ကို မြင်ရ၏။ ထို/မြင်း/ကို စီးသောသူ/သည် လက်/ထဲတွင် ချိန်ခွင်/တစ်ခု/ကို ကိုင်ထား၏။ 6 ထိုအခါ သတ္တဝါ/လေးပါးတို့/အလယ်/မှ ထွက်လာသည်/ဟု ထင်ရသော အသံ/ကို ကျွန်ုပ်/ကြားရ၏။ ထို/အသံ/မှာ “ဂျုံ/တစ်ခွက်/လျှင် ငွေဒင်္ဂါး/တစ်ပြားa/ပေးရ၏။ မုယောဆန်/သုံး/ခွက်/လျှင် ငွေဒင်္ဂါး/တစ်ပြား/ပေးရ၏။ ဆီ/နှင့် စပျစ်ဝိုင်/ကို မပျက်စေနှင့်” ဟူ၍/ဖြစ်၏။
7 သိုးသငယ်တော်/သည် စတုတ္ထ/တံဆိပ်/ကို/ဖွင့်/သောအခါ စတုတ္ထ/သတ္တဝါ/က “လာလော့” ဟု/ဆိုသည်/ကို ကျွန်ုပ်/ကြားရ၏။ 8 ထိုအခါ ကျွန်ုပ်/ကြည့်လိုက်/ရာ အရောင်မွဲ/မြင်း/တစ်ကောင်/ကို မြင်ရ၏။ ထို/မြင်း/ကို စီးသောသူ/၏ အမည်/မှာ သေမင်း/ဖြစ်၏။ သူ/၏/နောက်တွင် မရဏ/နိုင်ငံ လိုက်လာ၏။ ကမ္ဘာ့/လူဦးရေ/၏ လေးပုံ/တစ်ပုံ/ကို ဓားဘေး၊ အငတ်ဘေး၊ ရောဂါဘေး၊ ကမ္ဘာလောက/ရှိ သားရဲ/တိရစ္ဆာန်များ/၏/ဘေးတို့/ဖြင့် သတ်ဖြတ်/ရန် သူတို့/အား အခွင့်အာဏာ/ပေးထားတော်မူ၏။
9 သိုးသငယ်တော်/သည် ပဉ္စမ/တံဆိပ်/ကို/ဖွင့်/သောအခါ ယဇ်ပလ္လင်/အောက်/တွင် ဝိညာဉ်/များစွာ/ကို ကျွန်ုပ်/မြင်ရ၏။ ထို/ဝိညာဉ်များ/သည် ဘုရားသခင်/၏ နှုတ်ကပတ်တော်/နှင့် ခရစ်တော်/အကြောင်း/သက်သေခံချက်/တို့/ကို သစ္စာရှိ/စွာ ထိန်းသိမ်း/သောကြောင့် အသတ်ခံရသည့် ဝိညာဉ်များ/ဖြစ်ကြ၏။ 10 ထို/သူတို့/က “သန့်ရှင်း/၍ မှန်ကန်တော်မူ/ပြီး အရာ/အားလုံး/ကို အုပ်စိုးတော်မူသော/ဘုရားသခင်… ကမ္ဘာ/လောက/၌ နေထိုင်ကြသော/ကျွန်ုပ်တို့/ကို သတ်သော/သူတို့/အား စီရင်တော်မမူ၊ လက်တုံ့ပြန်တော်မမူဘဲ မည်မျှ/ကြာကြာ နေတော်မူမည်နည်း” ဟု ကျယ်လောင်/စွာ ဟစ်အော်ကြ၏။ 11 ထို့နောက် သူတို့/တစ်ဦးစီ/အား ဝတ်ရုံဖြူများ/ကို ပေးတော်မူ၏။ သူတို့/နည်းတူ အသတ်ခံရမည့် သူတို့/၏/အစေခံချင်း၊ သူတို့/၏/ညီအစ်ကို/မောင်နှမ/ချင်း အရေအတွက်/ပြည့်သည်/အထိ အနည်းငယ်/စောင့်ကြ/ရန် သူတို့/အား မိန့်တော်မူ၏။
12 သိုးသငယ်တော်/သည် ဆဋ္ဌမ/တံဆိပ်/ကို/ဖွင့်/သောအခါ ပြင်းထန်သော/ငလျင်/လှုပ်သည်/ကို ကျွန်ုပ်/မြင်ရ၏။ နေ/သည် ဆိတ်မွေး/ဖြင့်/ရက်သော/အထည်ကြမ်း/ကဲ့သို့ မည်းလာပြီး လ/သည်လည်း သွေးနီရောင်/ပြောင်းသွား၏။ 13 လေပြင်း/ကြောင့် အချိန်/မတန်ဘဲ သဖန်းသီးစိမ်းများ သဖန်းပင်/မှ ကြွေကျလာ/သကဲ့သို့ ကောင်းကင်/မှ ကြယ်များ/သည် မြေ/ပေါ်သို့ ကြွေကျလာ၏။ 14 မိုးကောင်းကင်/သည် စာလိပ်/ကို လိပ်/သကဲ့သို့ ပျောက်ကွယ်သွား/၍ ရှိသမျှ/တောင်/နှင့်/ကျွန်းတို့/သည် မိမိတို့/နေရာ/မှ ရွေ့သွားကြ၏။ 15 လောကီ/ရှင်ဘုရင်များ၊ မှူးကြီးမတ်ကြီးများ၊ စစ်တပ်/အရာရှိများ၊ ချမ်းသာသော/သူများ၊ တန်ခိုး/သြဇာ/ကြီးသူများ၊ ကျွန်/နှင့် လွတ်လပ်သူ/အားလုံးတို့/သည် လိုဏ်ဂူများ/နှင့် တောင်များ/ပေါ်ရှိ ကျောက်ဆောင်များ/ကြားတွင် ပုန်းအောင်းနေကြ၏။ 16 သူတို့/သည် တောင်များ/နှင့် ကျောက်ဆောင်များ/အား “ကျွန်ုပ်တို့/အပေါ် ပြိုကျပေး/၍ ရာဇပလ္လင်တော်/ပေါ်တွင်/ထိုင်သော/အရှင်/၏ မျက်နှာတော်/နှင့် သိုးသငယ်တော်/၏/အမျက်တော်/မှ ကျွန်ုပ်တို့/ကို ဖုံးကွယ်ကြပါ။ 17 အဘယ်ကြောင့်ဆိုသော် ထို/အရှင်တို့/၏ အမျက်တော်/ထွက်သော/နေ့ရက်ကြီး ရောက်လာ/သောကြောင့်/ဖြစ်၏။ ထို/အမျက်တော်/ကို မည်သူ/ခံရပ်/နိုင်မည်နည်း” ဟု ပြောဆိုကြ၏။